ထန်းတပင် (ပဲခူး) ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန့်နေ့က ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင် ဇရပ်ကြီးကျေးရွာ အခြခံပညာအထက်တန်းကျောင်း၊ မြို့စိုးကျေးရွာ အခြေခံပညာအထက်တန်း (ခွဲ) ကျောင်းနှင့် သပြေကုန်းကျေးရွာ မူလတန်းလွန်ကျောင်းများသို့ သွားရောက်ပြီး စာသင်ကြားနေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် မြို့နယ်လမ်းဦးစီး ဌာနက တာဝန်ယူဆောင်ရွက်နေသည့် အလယ်မြောင်-ကျောက်ကြီး-စစ်တောင်း-မုပ္ပလင်လမ်းကတ္တရာ လမ်းအား တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ၁ မိုင် ၆ ဖာလုံအတွက် ၁၈ ပေအကျယ် ကတ္တရာချဲ့ခြင်းလုပ်ငန်း၊ ၆ဖာလုံအတွက် ၃၄ ပေအကျယ် မြေသားတာဘောင်ဖို့ခြင်း ဆောင်ရွက်နေမှုအခြေအနေ၊ ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီးလမ်းပိုင်းအတွင်း ယခင်တံတားအမှတ်(၂/၄)၊ (၄၀)ပေအရှည်ရှိ (၁၄)ပေအကျယ် သစ်သား တံတားနှင့် ယခင်(၁၈)ပေ အရှည်ရှိ (၁၄)ပေအကျယ် သစ်သားတံတား(၂)စင်း တည်ဆောက်နေမှု အခြေအနေနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက နွေရာသီ ရေရှားပါးမှုမဖြစ်ပေါ် စေရေးအတွက် ဇီးဖြူသောင်ကျေးရွာအုပ်စု အောက်တင်းကုတ် ကျေးရွာ တွင်းနက် တူးဖော်ခြင်း (၁၀ပေ×၈ ပေ×၈ ပေ) ရေစက်ရုံဂါလံ(၂၀၀၀)ဆံ့ ရေစုကန်(၁၂ပေ×၆ပေ× ၅ ပေ) တည်ဆောက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)