မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများတွင် သင်ကြားရေးလုပ်ငန်းများ ပိုမို အောင်မြင် အောင် ဆောင်ရွက်နိုင်ရေးဆွေးနွေး

မင်းလှ ဇွန် ၃ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဝန်ထမ်းများ တွေ့ဆုံကာ အခြေခံပညာကျောင်းများ တွင် သင်ကြားရေးလုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ကပြုလုပ်ခဲ့သည်။ တွေဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အခြခံပညာကျောင်းများကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်ကြားရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ဆောင်ရွက်ကြရန် ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးတင်မောင်သန်းက အခြေခံပညာကျောင်းများတွင် လုံခြုံရေးအတွက် စီမံဆောင်ရွက်ထားခြင်းများအကြောင်း ပြောကြားသည်။ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်သန်းဌေးက ကျောင်းတတ်ခြင်းပုံစံအား စာသင်ချိန်မရောပဲ ကျောင်းအုပ်ကြီးများ၏ အစီအမံတိုင်းသာ သင်ကြားသွားရန်နှင့် ကျောင်းလုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားသည်။ ထို့နောက်တတ်ရောက်လာသော ထက်၊ လယ်၊ မူ ကျောင်းအုပ်များက ကျောင်းဖွင့်လှစ်ထားခြင်း အခြေအနေများနှင့် သင်ကြားရေး လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။ ပေါက်စ