ကျိုင်းတုံမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ကျိုင်းတုံ  ဇွန် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပါဠိပထမပြန်စာမေးပွဲကို အမှတ်(၃)ရပ်ကွက်ရှိ ကျိုင်းတုံစာဖြေဌာန၊ သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့မွန်းတည့် ၁၂ နာရီက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပသည်။

ပါဠိပထမပြန်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံစာဖြေဌာနတွင် ပထမကြီးတန်း (၈)ပါး၊ ပထမလတ်တန်း (၆)ပါး၊ ပထမငယ်တန်း (၈)ပါးနှင့် အခြေပြုမူလတန်း (၃၁)ပါး ဝင်ရောက်ဖြေဆိုကြပြီး တာချီလိတ် စာဖြေဌာနတွင် ပထမကြီးတန်း (၈)ပါး၊ ပထမလတ်တန်း (၁၀)ပါး၊ ပထမငယ်တန်း (၂၀)ပါးနှင့် အခြေပြုမူလတန်း (၂၃)ပါး ဝင်ရောက်ဖြေဆိုကြသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမနေ့၌ ပထမကြီးတန်းနှင့် ပထမလတ်တန်းတို့မှာ ဒွေမာတိကာ ဘာသာကိုလည်းကောင်း၊ ပထမငယ်တန်းမှာ ဘိက္ခုပါတိမောက်ဘာသာကို လည်းကောင်း၊ အခြေပြု မူလတန်းမှာ ဝိနည်းကျင့်ဝတ် ဘာသာကိုလည်းကောင်း ဖြေဆိုကြရမည် ဖြစ်ပြီး ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)