မိတ္ထီလာ ဇွန် ၇
မိတ္ထီလာမြို့တွင် ၂ဝ၂၁ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့်၁၂ နာရီအချိန်က အထက(၁) ဒက္ခိဏအဆောင်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း စာဖြေသံဃာ ၆ဝပါး ၊သီလရှင် ၃ ပါး ၊ ပထမလတ်တန်း စာဖြေသံဃာ ၆၉ပါး ၊ သီလင်ရှင် ၃ ပါး ၊ ပထမငယ်တန်း စာဖြေသံဃာ ၂၁ပါး ၊ သီလင်ရှင် ၁ပါးနှင့် အခြေပြုမူလတန်း စာဖြေသံဃာ၂၂ပါး မြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များမှ စုစုပေါင်း စာဖြေသံဃာတော် ၁၉၃ ပါးနှင့် သီလရှင် ၇ ပါး ဝင်ရောက် ဖြေဆိုသည်။ အဆိုပါအစိုးရပါဠိပထမပြန်စာမေးပွဲအား ဇွန်လ ၇ ရက်နေ့မှ ဇွန်လ ၁၃ရက်နေ့ အထိကျင်းပမည်ဖြစ်သည်။ အလားတူ အစိုးရဓမ္မာစရိယစာမေးပွဲကို ဇွန်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ အထက(၁) ဒက္ခိဏအဆောင်တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ချမ်းသာ