မြေပုံမြို့နယ်၌ ရဟန်း/သာမဏေများအား ပါဠိပထမပြန်စာမေးပွဲကျင်းပ

မြေပုံ ဇွန် ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် သာသနာရေးနှင့် ယာဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ‌သော ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (မြေပုံမြို့နယ် စာဖြေဌာန) ၌ မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ရဟန်း/သာမဏေများကို ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က မြို့နယ်ခမ်းမ၌ ပါဠိပထမပြန်စာမေးပွဲ စစ်ဆေး/ဖြေဆိုလျက် ရှိသည်။

အခြေပြုမူလတန်းတွင် ဝိနည်းကျင့်ဝတ်ဘာသာကို သာမဏေ(၂၀)ပါး၊ ပထမငယ်တန်းတွင် ဘိက္ခုပါတိမောက်ဘာသာကို ရဟန်း/သမဏေ(၁၁)ပါး၊ ပထမလတ်တန်းတွင် ဒွေးမာတိကာ ဘာသာကို ရဟန်း/သာမဏေ(၁၀)ပါး၊ ပထမကြီးတန်းတွင် ဒွေးမာတိကာဘာသာကို ရဟန်း (၇) ပါးတို့အား မြိုနယ်စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများက ကြီးကြပ်စစ်ဆေးရှိလျက်ရှိသည်။

ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေရဟန်း/သာမဏေများ စာမေးပွဲစစ်ဆေးဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့စိစဉ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များ ပူပေါင်းကာ ဆွမ်းနှင့်အထွေထွေဝေယျာဝစ္စများ (စာမေးပွဲကာလ (၇) ရက် အတွက်) ပြင်ဆင်လျက်လှူဒါန်းရန် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

တင်ဝင်း