လှိုင်းဘွဲ ဇွန် ၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီအချိန် က လှိုင်းဘွဲမြို့ မြို့မဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ဆရာတော်၊သံဃာတော်ကြီးများ က ကြီးကြပ်ကာ ပထမနေ့စာမေးပွဲအဖြစ် ပထမကြီးတန်းတွင် (၆)ပါး၊ ပထမလတ်တန်းတွင် (၁၁)ပါး၊ ပထမငယ်တန်းတွင် (၁၈)ပါး၊ အခြေပြုမူလတန်းတွင် (၂၆)ပါး၊ စုစုပေါင်း(၆၁)ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)