လှိုင်းဘွဲ ဇွန် ၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာမှ ထောက်ပံ့ပေးသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် အတွင်း လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ပေါ်(၄)ရပ်ကွက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ခြင်းကို လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းရန်နောင်နှင့် တာဝန်ရှိသူများက လှိုင်းဘွဲမြို့ပေါ်(၄)ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် အဘိုး(၂၁)ဦးနှင့် အဘွား (၂၆)ဦးတို့ကို တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ ဒုတိယသုံးလပတ်အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၄၁၀၀၀၀)ကျပ်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)