တောင်သာမြို့တွင် ပါဠိပထမပြန် စာမေးပွဲ ကစ္စည်းသဒ္ဒါကြီးဘာသာဖြေဆို
Jun 08,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှကျင်းပသည့် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်းစာမေးပွဲ ကစ္စည်းသဒ္ဒါကြီးဘာသာကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ကျောင်းသစ်ကျောင်းတွင် သံဃာတော်များနှင့် သီလရှင်များ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။