သတင်းများ

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ တွံတေး၌ ဆက်လက် ဆောင်ရွက် ပေးလျက်ရှိ
Jun 08,2021
ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ် ဦးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၆)နှစ်မှ (၁၈)နှစ်ပြည့်ပြီး သူတို့၏ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် ပိတ်ရက်မရှိ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့တွင် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲများ စတင်ကျင်းပ
Jun 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ဘုရားကြီးလမ်းရှိ မိုးကောင်းဓမ္မာရုံတွင် ကျင်းပ ပြုလုပ် သည်။
မအူပင်မြို့နယ်၌ ပါဠိပထမပြန် စာမေးပွဲ ကျင်းပ
Jun 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက် တိုးရွှေဝါခန်းမတွင် ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်မှစ၍ ၂၀၂၁ ခုနစ် ပါဠိပထမပြန်စာမေးပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
လှည်းကူးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 08,2021
ရန်ကုန်မြောက်ပိုင်းခရိုင် ၊လှည်းကူးမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီး ဌာနက ကြီးမှူးကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲကို လှည်းကူးမြို့ ကျက်သရေဆောင်မဟာတုလ ငါးထပ်ကြီး ဘုရား အာရုံခံတန်ဆောင်းတွင် ယနေ့မွန်းတည့်(၁၂)နာရီအချိန်မှ ညနေ(၃)နာရီအထိနေ့စဉ်(၇.၆.၂၀၂၁) ရက်နေ့ မှ(၁၃.၆.၂၀၂၁)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
လှည်းကူးမြို့နယ်၌ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်
Jun 08,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊လှည်းကူးမြို့နယ်တွင် ပြည်သူများသွားလာရေး ကောင်းမွန်စေရန်ရည်ရွယ်၍ လှည်းကူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှမြို့ပေါ်(၅)ရပ်ကွက်၊ ကွန်ကရစ်လမ်းမျက်နှာပြင်ပျက်စီး နေသော လမ်းဟောင်း များပေါ်တွင် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ( ၃၆၀၀၀ ) စတုရန်းပေကို သာမန် အသုံးစရိတ်ငွေ ကျပ်(၂၅၀)သိန်းဖြင့် လျာထားဆောင်ရွက်ခဲ့ပြီး (၁.၆.၂၀၂၁)ရက်နေ့အထိ (၄၅၀၀)စတုရန်းပေ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်
Jun 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အသိပညာပေးလုပ်ငန်း တစ်ရပ်အဖြစ် ဆောင်ရွက် ပေးခဲ့သည်။
စမ်းချောင်းမြို့တွင် အစိုးရဓမ္မာစရိယ စာမေးပွဲ နှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပ
Jun 08,2021
၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံ တစ်ဝှမ်း ၌ စာဖြေဌာန အသီးသီး တွင် ကျင်းပလျက်ရှိရာ စမ်းချောင်းမြို့နယ်စာဖြေဌာနကို ကိုးထပ်ကြီးဘုရားတွင်ကျင်းပလျက်ရှိသည်။
ကမာရွတ်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်နိုင်ရေးဆောင်ရွက်
Jun 08,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှု ဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ပေး လျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေ များ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။