သတင်းများ

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ရပ်ရွာလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၁၀ အချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပြီး အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့၌ (၁၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲကျင်းပ
Jun 08,2021
(၁၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ မင်္ဂလာ အနောက်ကျောင်းတိုက်တွင် ယမန်နေ့ မွန်းတည့် (၁၂)နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် အခြေခံဒီဇယ်အင်ဂျင် စက်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 08,2021
ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအဖြစ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျွန်းကောက်ပင်ကျေးရွာအုပ်စု၊ ကျွန်းကောက်ပင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက အခြေခံ ဒီဇယ်အင်ဂျင် စက်ပြင် သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပခဲ့သည့်။
ပုလောမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး Talk Show ပြုလုပ်
Jun 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လျှပ်စစ်ဌာနတို့ ပူးပေါင်း၍ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး Talk Show ကို ဇွန်လ ၈ ရက်နေ့ နံနက် ၉ နာရီက ပုလောမြို့နယ် Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကော့ကရိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 08,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကော့ကရိတ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့တွင် ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ဖြေဆို
Jun 08,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ ရှင်ပင်မိုးကောင်းမြတ်စွာဘုရားဝင်းအတွင်းရှိ ရတနဃရ သာသနဗိမာန်၌ ယနေ့ မွန်းတည့် ၁၂နာရီအချိန်က နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဂန္တဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တနရပတိနှင့် မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ဒုတိယနေ့ဖြေဆိုကြောင်း သိရသည်။
မင်းကင်းမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကျင်းပ
Jun 08,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွက် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကျင်း ပခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မင်းကင်းမြို့၊ ကန်တော်ပရိယတ္တိစာသင်တိုက် မိုးကုတ်ဓမ္မာရုံ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။