တောင်သာ ဇွန် ၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှကျင်းပသည့် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်းစာမေးပွဲ ကစ္စည်းသဒ္ဒါကြီးဘာသာကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ကျောင်းသစ်ကျောင်းတွင် သံဃာတော်များနှင့် သီလရှင်များ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုရာတွင် ပထမကြီးတန်းဖြေဆိုသူ(၃)ပါး၊ ပထမလတ်တန်း ဖြေဆိုသူ (၅)ပါး၊ ပထမငယ်တန်းဖြေဆိုသူ(၆)ပါးနှင့် အခြေပြုမူလတန်းဖြေဆိုသူ(၂၂)ပါး ဝင်ရောက် ဖြေဆိုခဲ့ပြီး သံဃာတော်နှင့် သီလရှင်စာရင်းရှိ(၅၄)ပါးရှိကာ(၁၈)ပါး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ် အစိုးရပါဠိပထမပြန်စာမေးပွဲကိုလည်း ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုချိန်မှာ မွန်းတည့်(၁၂)နာရီမှညနေ(၃)နာရီထိ ဖြစ်ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)