နာဂဒေသ၊ လဟယ်မြို့နယ် တိုက်ရံ၊ အံ့ပေါ်လွင်ပြင်ရှိ အဆင့်မြင့်လယ်ယာများ ရာသီချိန်မီ မိုးစပါးစိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

လဟယ် ဇွန် ၁၈

စစ်ကိုင်း‌တိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် တိုက်ရံ၊ အံ့ပေါ် ကျေးရွာရှိလွင်ပြင်တွင် အဆင့်မြင့်လယ်ယာများ ဖော်ထုတ်ပေးခဲ့ရာ ရာသီချိန်မီမိုးစပါး စိုက်ပျိုး နိုင်ရေး သက်ဆိုင်ရာဌာနများက ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်၀င်း ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလပ်ဆက်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းလင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းဦးနှင့် ဌာန ဆိုင်ရာများလိုက်ပါ၍ ကွင်းဆင်းကြည့်ရှု့ခဲ့ပြီး တောင်သူများအား စနစ်တကျ လယ်ယာစိုက်ပျိုး နည်းနှင့် တောင်သူအသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ယခင်ဘဏ္ဍာနှစ်တိုင်း စက်မှုလယ်ယာမှ ဖော်ထုတ်ပေးခဲ့သော လယ်ယာများတွင် တောင်သူများ အစေ့ထုတ်ပြောင်း စိုက်ပျိုးထားရှိမှုကို ကြည့်ရှု့ကြပြီး မိုးစပါးအချိန်မီ စိုက်ပျိုး နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

ရှား‌ဆက်၊ လဟယ်