မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ဘဝတစ်ခုစီမံမှု စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မရမ်းကုန်း ဇွန် ၁၈

စာဖတ်သူမှာ ကောင်းကျိုးရလာဒ် ဝေဆာစေချင်သည့် စေတနာဖြင့်ရေးသားထားသည့် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ ဘဝတစ်ခုစီမံမှုစာအုပ်အား ယမန်နေ့မွန်းလွဲ ၁:၀၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မရမ်းကုန်းမြို့နယ် (Book Club) အဖွဲ့ဝင် စာရေးဆရာမြေလတ်ထင်ကျော်မိုးက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ စာရေးဆရာမ အေးသစ်သျှားခိုင်က ဘဝတစ်ခုစီမံမှုစာအုပ်မှ ကိုယ်ကျင့် တရားခေါင်းစဉ်ပါ ကိုယ်ကျင့်တရား၏ အရေးပါပုံ၊ ကိုယ်ကျင့်တရားကောင်းအောင် တည်ဆောက်ခြင်း၊ ကျွန်တော်တို့ ဘာကြောင့်ကိုယ်ကျင့်တရားကောင်းဖို့လိုသလဲ၊ ကိုယ်ကျင့်တရား ရှိသူများ၊ ကိုယ်ကျင့်တရား ကျင့်ဝတ်၊ တန်ဖိုးထားမှုများ အစရှိသည့် စာပိုဒ်များကို ဖတ်ကြားခဲ့ရာ တက်ရောက်လာသူများမှ ပြန်လည် ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် စာရေးဆရာ ကျော်ထင်ရာဇာက မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွက် သုတစာအုပ်များ ပေးအပ် လှူဒါန်းရာ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးအောင်မှ လက်ခံခဲ့ကြောင်း သိရသည်။