စစ်ကိုင်း ဇွန် ၁၈
စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက်ဖူဆယ် အမျိုးသားဘော့လုံးပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲကို ဇွန်(၁၈)ရက်၊ မွန်းလွဲ(၁)နာရီက စစ်ကိုင်းနှစ်(၇၀၀) ကွင်းအတွင်းရှိ ဖူဆယ် အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆုပေးအပ်ပွဲသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် အဖွဲ့ဝင်များ၊ အားက စားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းသားများ တက်ရောက်ကြသည် ပြိုင်ပွဲကို ခရိုင်အတွင်းရှိ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှ ဖူဆယ် အမျိုးသားဘောလုံးအသင်း များပါဝင်ယှဉ် ပြိုင်ခဲ့ကြပြီး ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ နောက်ဆုံး ဗိုလ်လုပွဲအဖြစ် စစ်ကိုင်း မြို့နယ်အသင်းနှင့်မြင်းမူမြို့နယ် အသင်းတို့ယှဉ်ပြိုင်ခဲ့ကြရာ မြင်းမူမြို့နယ်အသင်းက ပထမရရှိသွား ခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပထမ၊ ဒုတိယ ရရှိသွားခဲ့ကြသော ဖူဆယ်ဘောလုံး အသင်းများကို စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဆု၊ ငွေသားဆု နှင့် တစ်ဦးချင်းစဆုများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်