ဗန်းမော် ဇွန် ၁၈
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဒေသခံပြည်သူများ၊ စာပေဝါသနာရှင် များအား စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတများ တိုးတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်တိုးပွားလာစေရေးနှင့်စာပေချစ်သူများ အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေး တတ်စေရန် ရည်ရွယ်၍ ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ အောင်သင်း၏ "ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေ" စာအုပ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ ဟောပြောချက်များကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် စာဖတ်ဝိုင်းတွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် များတို့မှ လူငယ်တစ်ဦးအနေဖြင့် ကြီးပွားချမ်းသာလိုစိတ်ရှိနေခြင်းဟာ သူ့ရဲ့ဘဝတစ်လျှောက်မှာ အန္တရာယ် ရှိနိုင်မရှိနိုင် မေးမြန်းသည့် အကြောင်းအရာကို လည်းကောင်း၊ လူတိုင်းအတွက် အမြဲတမ်း သတိပေးသင့်သည့် စကားတစ်ခွန်းကို လည်းကောင်း၊ "ဗေဒင်နှင့်ရည်မှန်းချက်" ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)