တောင်တွင်းကြီး ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ညောင်ပင်သာကျေးရွာ ဘုရားကျောင်းတွင် ကျေးလက်နေပြည် သူများ မိသားစုဝင်ငွေရရှိစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စတီး/သံဂဟေဆက်သင်တန်းကို ယနေ့နံနက်(၉:၀၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နှင်းငွေရည်စိုးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဆရာဦးဇော်မင်းမှ သင်တန်းဖွင့် လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား ဇွန်လ(၁၈)ရက်နေ့မှ ဇူလိုင်(၂)ရက်နေ့အထိ သင်တန်းကာလ(၁၅)ရက် ဖွင့်လှစ်သွား မည်ဖြစ်ပြီး နံနက်(၉:၀၀)မှညနေ(၄:၀၀)နာရီအထိ စာတွေ့လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကာ သင်တန်းသားဦးရေ(၂၀)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။
တောင်တွင်းကြီး