မံစီ ဇွန် ၁၈
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ ပြည်သူများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မံစီမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်း”စီမံချက်ဖြင့် ယနေ့ နံနက် ၉ နာရီက မံစီမြို့ ဂျိန်းဖော့မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစားရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ဇွန် ၁၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး မံစီမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်နှင့် ဝန်ထမ်းများက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိနေကြောင်းနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများကို လှည့်လည်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက်များ၌ ဇွန်လ ၂၈ ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာများကို ဇူလိုင်လအတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)