ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ချောင်းဆုံ ဇွန် ၁၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်နေပြည်သူများအား အခြေခံစက်ချုပ်သင်တန်း များကို သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို အဆိုပါဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် မော်လမြိုင်ခရိုင်ကျေး/လက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ် ခဲ့သည်။ အခြေခံစက်ချုပ်သင်တန်းတွင် သင်တန်းဆရာမဒေါ်သီသီမြင့်က သင်တန်းသင်ကြားပို့ချ ပေးခဲ့ပြီး ကျေးရွာများမှ သင်တန်းသူ (၂၀)ဦးတို့အား (၁)လကြာသင်ကြားခဲ့ကြောင်း၊ သင်တန်း ဆင်းပွဲတွင် ဆုရရှိသူများအား  စက်ချုပ်စက်နှင့် ဆပ်စပ်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။