ကျောက်မဲ ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ခိုမုန်းကျေးရွာအုပ်စု၊ အောင်မြေသာယာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ လူငယ်များစာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်နှင့် စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဒုတိယဦးစီးမှူး ဦးစိုင်းထွန်းသိန်းက စာရေးဆရာ မင်းသန်းထိုက် (ဒေးဒရဲ) ရေးသားထားသည့် စိတ်ပြင်ခြင်းအနုပညာစာအုပ်မှ "စိတ်ဓာတ်တွေဘုံဖျားရောက်ကြမှ" ဆောင်းပါးကို ဖတ်ကြားရှင်းလင်းဆွေးနွေးခဲ့ပြီး စာသင်သားများမှသိရှိလိုသည်များကို ပြန်လည်ဖြေကြား ပေးခဲ့သည်။
ယင်းနောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသူများအား အချိန် ၁ နာရီကြာ စာအုပ်များဖတ်ရှု လေ့လာဖတ်ရှုစေခဲ့ပြီး စာအုပ်များ ဆက်လက်ငှားရမ်း လိုသူများကိုလည်း စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)