ပင်လည်ဘူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (Woman Club) စာဖတ်ဝိုင်း ကျင်းပ

ပင်လည်ဘူး ဇွန် ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club) အသင်းတို့ ပူးပေါင်း၍ မှိုင်း(ဆေး-၂)ရေးသားသည့် "အသီးအရွက် နီးလျက် မဝေးစေလို" စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ နေ့လယ်(၂)နာရီက ပင်လည်ဘူးမြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လည်ဘူးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးဝင်းခိုင် က အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ အမျိုးသမီးများအနေဖြင့် အခမ်းအနားများ၊ တွေ့ဆုံပွဲများတွင် အပြန်အလှန်ဆွေးနွေးတတ်စေရန်၊ တစ်ဦးနှင့် တစ်ဦး အတွေးအခေါ် အသိအမြင် ဗဟုသုတ များအား ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်းများပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသော Woman Club အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ခင်ချိုချိုက "နေ့စဉ်စားစေချင်တဲ့ ဆလပ်ရွက်စိမ်းစိမ်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ကြည်ကြည်အေးက “ချဉ်ပေမဲ့ ပြုံးရတဲ့ ချဉ်ပြုံးပြုံး သံပရာ”ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဒေါ်သင်းသင်းစိုး က”သွယ်လျတဲ့ လက်ချောင်းလေးများ ၊သို့မဟုတ် ရုံးပတီသီး ” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ဒေါ်အေးအေးမြင့်က "မျှစ်ဆိုတာ စားကိုစားရမဲ့ အစာ"ခေါင်းစဉ်ဖြင့် လည်းကောင်း စသဖြင့် ခေါင်းစဉ်များအလိုက် ရေးသားထားသည့် အကြောင်း အရာများကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အေးဝင်းခိုင်