သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Volunteer Training East Dagon Township သင်တန်း ဖွင့်လှစ်
Jun 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊  ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဒေသန္တရ ကျန်းမာရေးဌာနတွင် Volunteer Training East Dangon Township သင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သူများအား အောင်လက်မှတ်ဆု ဆက်ကပ်ချီးမြှင့်မည်
Jun 19,2021
ပဲခူတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပခဲ့သော ၂၀၂၀ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင်အောင် မြင်ခဲ့သော ရဟန်း၊ သာမဏေ၊ သီလရှင်များအား အောင်လက်မှတ် ဆပ်ကက်ဆုချီးမြှင့်ပွဲ (စူဠဘွဲနှင်းသဘင်) အခမ်းအနားကို အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌  ဇွန်လ ၂၀ ရက် မွန်းလွဲ ၁ နာရီချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ထံမှသိရသည်။
မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၃၈) အခြေခံပညာအထက်တန်းကျောင်းတွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Jun 19,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်လျက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့နံနက်၉နာရီက ညောင်ကွဲရပ်ကွက်ရှိ အမှတ်(၃၈) အခြေခံပညာအထက်တန်းကျောင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jun 19,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း၊ ရေတွင်းရေကန်များ အဘိတ်ဆေး ခတ်ခြင်းလုပ်ငန်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ကော့သောင်းမြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်
Jun 19,2021
တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်း မြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဏ္ဏဝါအခြေခံပညာအ ထက်တန်း ကျောင်းခွဲ၊ ခန်းမ၌ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် သပြေကုန်းကျေးရွာ ရှေ့ရန်ကုန်-ပြည်ကားလမ်းဘေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
Jun 19,2021
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ဥသျှစ်သဖန်းအင်ဆိပ်‌ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာရှေ့ ရန်ကုန်-ပြည်ကားလမ်းဘေးတွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ မိုးရာသီ RS-CS မျိုးစေ့ထုတ်တောင်သူများအတွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်
Jun 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဇီးအုပ်ကျေးရွာ စိုက်ပျိုးရေးရှေ့တန်းစခန်း၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ၂၀၂၀ - ၂၀၂၁ မိုးရာသီတွင် RS-CS မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်
Jun 19,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဝန်ထမ်းများ အသိပညာဗဟုသုသ တိုးပွားရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိရန် ရည်ရွယ်၍ ဦးဘုန်း(ဓာတု)မန္တလေး ရေးသားထားသည့် သုညအတွေးရသစာစုစာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။