သတင်းများ

ဆင်ပေါင်ဝဲမြို့နယ် တောညောင်ပင်သာကျေးရွာ၌ ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်
Jun 21,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦး စီးဌာနမှ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်က ဆင်ပေါင်ဝဲမြို့နယ် တောညောင်ပင်သာကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့၌ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး ပေးလျက်ရှိ
Jun 21,2021
မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ   ၂၀၂၁ ခုနှစ်အတွက် တောင်သူများ အား မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများကို ဇွန်(၃)ရက်မှစတင်ကာ သြဂုတ်လကုန်ထိ ထုတ်ချေးပေး မည်ဖြစ်ပြီး ယနေ့နံနက်၁၀နာရီက ကော့နှတ်ကျေးရွာ တောင်သူ(၆၀)ဦးတို့အား ဆက်လက်ထုတ်ချေးပေး လျက်ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့
Jun 21,2021
 ဧရာ၀တီတိုင်းဒေသကြီး  ကန်ကြီးထောင့်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သော နှာခေါင်းစည်း mask များနှင့်  အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်၇နာရီအချိန်မှစတင်၍ ကန်ကြီးထောင့်မြို့ မာလာကုန်း လမ်းဆုံနှင့်ဒါးကလမ်းဆုံတို့၌ဆောင်ရွက်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ် Talk Show ဆောင်ရွက်
Jun 21,2021
ရန်ကုန်တိုင်းဒေသကြီး ၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို Talk Show ဆောင်ရွက်ခဲ့သည်။
ဟုမ္မလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ
Jun 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကွန်းတောင်းကျေးရွာအုပ်စု၊ ဟဲခမ်း (ရွာ ဟောင်း)ကျေးရွာရှိ မူလွန် - ဟဲခမ်း ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာမ နှစ်ဦး ထံမှ အနံ့မရကြောင်းသိရသဖြင့် ယခုနှစ် ဇွန်လ (၁၉) ရက်နေ့ နံနက်(၁၁)နာရီက RTD Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ ဟုမ္မလင်း ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ကုသပေး လျက်ရှိကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ပခုက္ကူမြို့နယ်သမဝါယမဦးစီးဌာန၏ နှစ်ပတ်လည်ညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 21,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်သမဝါယမဦးစီးဌာန၏ နှစ်ပတ်လည်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်မှကင်းဝေးစေရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နေပြည်သူများ ကူးစက်မြန် ကိုဗစ် -၁၉ ရောဂါ အန္တရာယ်မှကင်းဝေးစေရန်ရည်ရွယ်ပြီး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မဟာဘောဂလမ်းများတွင် လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း  သိရသည်။