ကျောက်တန်းမြို့ အလက(မြို့မ)ကျောင်းတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်သင်ကြား
Jun 21,2021
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးဌာနမှ ထောက်ပံ့မှု၊ ရန်ကုန် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ၏ ညွှန်ကြားမှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ အလက(မြို့မ)ကျောင်းတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။