ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်မှကင်းဝေးစေရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကြံခင်း  ဇွန်  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နေပြည်သူများ ကူးစက်မြန် ကိုဗစ် -၁၉ ရောဂါ အန္တရာယ်မှကင်းဝေးစေရန်ရည်ရွယ်ပြီး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မဟာဘောဂလမ်းများတွင် လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း  သိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ကိုဗစ်-၁၉မျိုးရိုးဗီဇကွဲ ပိုးတွေ့ရှိမှု အခြေအနေများ၊ လူမှုရေး၊ စီးပွားရေးနှင့် ပညာရေး လိုအပ်ချက်များ ပြန်လည်ဆောင်ရွက်ဖို့ကာကွယ်ဆေးထိုးနှံကြစို့၊ ကိုဗစ်-၁၉ ရောဂါအန္တရာယ် ပြည်သူများအထူးသတိပြုဖွယ်၊ မြို့နယ်အလိုက်မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိမှု စတဲ့ အသိပညာပေး  အကြောင်းအရာများ  ပါဝင်ပါသည်။

အဆိုပါ ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်(၇၀၀)ဖြန့်ဝေခဲ့ကြောင်း၊ အလားတူကြံခင်းမြို့နယ် ဘက်ရဲမြို့ မြို့မဈေးရှေ့တွင်လည်း ကိုဗစ်-၁၉ရောဂါ အသိပညာပေး လက်ကမ်းစာစောင်(၃၀၀)ကို ဘက်ရဲမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့က ပြည်သူများအား အသိပညာပေး ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)