သတင်းများ

စေတုတ္တရာမြို့နယ် ညောင်ကုန်းကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက ညောင်ကုန်းကျေးရွာအုပ်စုသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း မိုးစတင်ရွာသွန်းပြီဖြစ်သဖြင့် မိုးသီးနှံများ စတင်စိုက်ပျိုး
Jun 21,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် မိုးစတင်ရွာသွန်းသဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ များမှ တောင်သူများမှာ မိုးသီးနှံများစိုက်ပျိုးရန်စတင်၍ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက် နေကြပြီဖြစ်ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် "လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်း ကျင်းပ
Jun 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန် ရည်ရွယ်၍  ယနေ့နံနက် ၁၀ နာရီက သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  "လူငယ်တွေလမ်းမမှားနှင့်  မူးယစ်ဆေးဝါးအန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ်တွင် "လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်း ကျင်းပ
Jun 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန် ရည်ရွယ်၍  ယနေ့နံနက် ၁၀ နာရီက သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  "လူငယ်တွေလမ်းမမှားနှင့်  မူးယစ်ဆေးဝါးအန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအကြောင်းပညာပေး Talk Show ပြုလုပ်
Jun 21,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကျိုက်မရော မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့ပူးပေါင်း၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (နတလ) အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျိုက်မရောမြို့လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
စုကလိမြို့တွင် စာဖတ်ဝိုင်း ဆောင်ရွက်
Jun 21,2021
ပြည်သူများ စာအုပ်စာပေဖတ်ရှုသည့်အလေ့အကျင့်နှင့် စာပေသုတ၊ ရသအကြောင်းအရာများကို အသင်းအဖွဲ့နှင့် ပူးပေါင်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာ) ရေးသားသော ကလေးတွေကျောင်းမှာအောင်မြင်ဖို့နည်းလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
မှော်ဘီမြို့နယ် ဖူးကြီးရေလှောင်တမံ သဘာဝရေပြင်အတွင်း ငါးမျိုးများ စိုက်ထည့်
Jun 21,2021
ငါးသံယံဇာတများ ရေရှည် စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည် စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက မှော်ဘီမြို့နယ်၊ ဖူးကြီးရေလှောင်တမံ သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၈ နာရီက ကော့သောင်းမြို့၊ အကျဉ်းဦးစီးဌာန၊ ကော့သောင်းအကျဉ်း ထောင်ဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။