သတင်းများ

ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေ စစ်ဆေးကုသနိုင်ရေးအတွက် HLDO အဖွဲ့အစည်းမှ RDT Test Kit နှင့် ဆေးဝါးများ ဒုတိယအကြိမ်ထောက်ပံ့လှူဒါန်း
Jun 21,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ အခြေချရုံးဖွင့်လှစ်ထားရှိသည့် ဟွာလ်ငိုဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်း (Hualngo Land Development Organization- HLDO)မှ ရိခေါ်ဒါရ်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေစစ်ဆေးကုသနိုင်ရေးအတွက် RDT Test Kit များနှင့် ဆေးဝါးများကို ယမန်နေ့က ဒုတိယအကြိမ် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 21,2021
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်သစ်တောဦးစီးဌာနနှင့် ပူးပေါင်းကာ ၂၀၂၁ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈နာရီက ဝိုင်းမော်မြို့ ရပ်ကွက်(၂)ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း မြေနေရာတွင် ကျင်းပပြုလုပ် ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်မင်းဦနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာမွန်နှင့် အဖွဲ့ဝင်များ၊ ဝိုင်းမော်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
မြိတ်မြို့တွင် နိကာယ်စာမေးပွဲ ကျင်းပ
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိကာယ်စာမေးပွဲကို မြိတ်စာဖြေဌာနအဖြစ် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တော်တွင် ဇွန်လ(၂၁)ရက် နေ့လယ်ပိုင်းမှ စတင်၍ ကျင်းပလျက်ရှိရာ သံဃာတော် နှင့် သီလရှင်များ ဝင်ရောက် ဖြေဆိုလျက် ရှိကြသည်။
ဝါးခယ်မမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေး
Jun 21,2021
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ  မြို့နယ်ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုးနှင့်  ဝန်ထမ်းများက   ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့ နံနက် ၉ နာရီ အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ရုံး၌ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း သင်တန်းဖွင့်လှစ်
Jun 21,2021
ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုး သားဖောက် ခြင်းသင်တန်းနှင့် ငါးမျိုးစိုက်ထည့်ခြင်း ဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီခွဲက ညောင်ရွှေမြို့ ငါးလုပ်ငန်းစခန်း၌ ကျင်းပသည်။
သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဝါးခယ်မမြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် ကျင်းပသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယ‌မန်‌နေ့ မွန်းလွဲ ၃ နာရီခန့်က ဝါးခယ်မမြို့ ရွှေခယ်သီရိ အားကစားခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်စေရန် Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jun 21,2021
 ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့ နံနက်(၇)နာရီအချိန်က လူစည်ကားရာဈေး(၂)ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။