သတင်းများ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ
Jun 23,2021
ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို လားရှိုးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းအချိန်က လားရှိုးမြို့၊ မယ်ဟန်(ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်)နှင့် သိန္နီလမ်းတစ်လျှောက်တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း လုပ်ငန်း Mask တပ်ဆင်သွားလာစေရန် ယနေ့ နံနက်(၇)နာရီအချိန်က လူစည် ကားရာ ရွှေတောင်မြို့မဈေးကြီးအနီး လမ်းမတွင် ပုံမှန်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ စာသင်ခုံပရိ‌ဘောဂများ လှူဒါန်း
Jun 23,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ပဲခူးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအတွက် လိုအပ်နေသော စာသင်ခုံပရိ‌ဘောဂများအား ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက အဆိုပါစာသင် ကျောင်းတွင် ကျင်းပခဲ့သည်။
နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံမှ ကျောင်းသား/ကျောင်းသူများကို ပြန်လည်ပို့ဆောင်ပေး
Jun 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၂)မှတစ်ဆင့် နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများကို မြန်မာတာဝန်ရှိပုဂ္ဂိုလ်မှ ယနေ့နံနက် ၈ နာရီခွဲအချိန်က လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပန်း​တောင်း​မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှု သင်တန်းတတ်ရောက်နေ သော သင်တန်းသား၊ သင်တန်းသူများ၊ ဌာနဆိုင်ရာများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
၂၀၂၁ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jun 23,2021
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့တွင် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် မြင်းချီနိုင်ကျေးရွာနှင့် ထနောင်တပ်ကျေးရွာများသို့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးပေး
Jun 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းလာစေရေး အတွက် ရည်ရွယ်ပြီး ကျေးရွာများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းအဖြစ် အရင်းမပျောက် မတည် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀) ထုတ်ချေးပေးခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ်အဆင့် မြှင့်တင် ပေးခြင်း စသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီကမြင်းချီနိုင်ကျေးရွာနှင့်ထနောင်းတပ်ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။