ရွှေတောင် ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း လုပ်ငန်း Mask တပ်ဆင်သွားလာစေရန် ယနေ့ နံနက်(၇)နာရီအချိန်က လူစည်ကားရာ ရွှေတောင်မြို့မဈေးကြီးအနီး လမ်းမတွင် ပုံမှန်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ရွှေတောင်မြို့မစျေးအနီးတွင် ဖြတ်သန်းသွားလာကြ သူများနှင့် ဈေးဝယ်လာသူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးခြင်း၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူ များအား (mask) နှာခေါင်းစည်(၅)ခုကို (၅၀၀)ကျပ်နှုန်းဖြင့် အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း