သတင်းများ

၂၀၂၁ ခုနှစ် (မိုးရာသီ) သစ်ပင်စိုက်ပျိုးပွဲတော် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဒိုက်ဦးမြို့နယ်၌ ကျင်းပ
Jun 22,2021
ပဲခူးတိုင်း​ဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ်(မိုးရာသီ) သစ်ပင် စိုက်ပျိုးပွဲတော် ကို ဇွန်လ ၂၁ ရက်နေ့တွင် ဘိုင်းဒါးကြိုးဝိုင်း၊ အကွက်အမှတ်(၁၁၀)၌ ကျင်းပပြုလုပ်ရာ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ဒေသခံ ပြည်သူလူထုများ စုစုပေါင်း အင်အား ၂၀၀ ဦးခန့်ဖြင့် တစ်ပျော်တစ်ပါး စိုက်ပျိုးကြသည်။
ရေတာရှည်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာ​ပေး ​ဟော​ပြောပွဲ​ဆောင်ရွက်
Jun 22,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က မြောက်နန်ချွန် အ.ထ.က (ခွဲ)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌အသက်(၂၅)နှစ်အောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲကျင်းပ
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အားကစားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့ နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌဖလား အသက်(၂၅) နှစ်အောက်အမျိုးသား၊ အမျိုးသမီး အားကစားပြိုင်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ဖျာပုံမြို့နယ် အားကစားခန်းမ၌ ကျင်းပသည်။
ညောင်တုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေး များ ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းမှု ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရမည်းသင်းမြို့နယ် ဆည်တွင်းကျေးရွာတွင် ငွေနှင်းမှို စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေ
Jun 22,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဆည်တွင်းကျေးရွာတွင် ငွေနှင်းမှို စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ပုံမှန် ဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေးကို အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ဖျာပုံမြို့၌စားသုံးသူရေးရာဦးစီးဌာနက စားသောက်ကုန်ပစ္စည်းများကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် စားသုံးသူရေးရာဉီးစီးဌာနက စားသုံးကုန် ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး ခြင်းကိုယမန်နေ့ နေ့လည်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိမြို့နယ်များအား “ပန်းခင်း” စီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်
Jun 22,2021
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမြို့နယ်ဦးစီးမှူးရုံးများ “ပန်းခင်း”စီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းကို ယနေ့ နံနက် ၉နာရီခွဲက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးခန်းမ၌ ကျင်းပသည်။
တာချီလိတ်မြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မိုင်းကိုးကျေးရွာအုပ်စုရှိ အမှတ်(၁၀၀၉)၊ နယ်ခြားစောင့် တပ်ရင်းအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်က "မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ" ကို ကျင်းပပြုလုပ်ခဲ့ကြသည်။