လားရှိုး ဇွန် ၂၃
ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို လားရှိုးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းအချိန်က လားရှိုးမြို့၊ မယ်ဟန်(ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်)နှင့် သိန္နီလမ်းတစ်လျှောက်တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်တွင် လူငယ်များမူးယစ်ဆေးဝါး၏သားကောင်များ အန္တရာယ်ကို ရှောင်ရှား နိုင်စေရန်အတွက် မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူဖေးမကူ စသည့်အကြောင်းအရာများ၊ အသိပညာပေးကဗျာနှင့် ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
ဥမ္မာချို