ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ စာသင်ခုံပရိ‌ဘောဂများ လှူဒါန်း

 

 

ပဲခူး ဇွန် ၂၂

 

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ပဲခူးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအတွက် လိုအပ်နေသော စာသင်ခုံပရိ‌ဘောဂများအား ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက အဆိုပါစာသင် ကျောင်းတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ ကောင်စီဝင်(၁)၊ ပဲခူးတိုင်းဒေသကြီးပညာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးလှမျိုးရွှေက စာသင်ခုံပရိဘောဂများ ထောက်ပံ့ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့လှူဒါန်းသည့် တန်ဖိုးငွေ ကျပ်သိန်း (၄၀)တန်ဖိုးရှိ စာသင်ခုံပရိဘောဂအစုံ (၅၀)အား အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီလွင်ထံ ပေးအပ်လှူဒါန်းခဲ့သည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဦးဌေးဝင်းအောင်က ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ပြီး အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီလွင်မှ စာသင်ခုံပရိဘောဂများ ထောက်ပံ့လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။

 

ဝဏ္ဏမောင်