သတင်းများ

ကျိုက်မရောမြို့တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီထုတ်ပေး
Jun 23,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ယနေ့ နံနက်၈နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးညွန်ကြားချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။
ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဆရာမိဘများနဲ့တွေ့ဆုံ
Jun 23,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ မိဘများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့နှင့်သွင်းအားစုများ ပံ့ပိုးပြီး တောင်သူ အသိပညာပေး စိုက်ပျိုး
Jun 23,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက ဘုန်းတော်ပြည့်ကျေးရွာအုပ်စုနှင့်န/ကျားထူးကျေးရွာအုပ်စုများသို့သွားရောက်၍ မျိုးစေ့နှင့်သွင်းအားစုများပံ့ပိုးပြီး တောင်သူအသိပညာပေးစိုက်ပျိုးခဲ့သည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jun 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်း ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီ အချိန်ခန့်က သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ဈေးများနှင့် မြို့နှင့်အနီး ပတ်ဝန်းကျင် ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ခေါဇာမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့လိုက်လံဖြန့်ဝေ
Jun 23,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုအောင်နှင့် ဝန်ထမ်းများသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား လူငယ်များကြား ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်ကာ ခေါဇာမြို့အခြေခံပညာ အထက်တန်း ကျောင်းတွင် ၂၀၂၁ ခုနှစ် ဇွန် လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကိုယနေ့နံနက်ပိုင်းကအခမဲ့လိုက်လံဖြန့်ဝေခဲ့ကြောင်းသိရသည်။
မိုင်းခတ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းတွင် အထက ကျောင်းနှင့်မြို့မဈေးတို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေ
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ အခြေခံ ပညာကျောင်းများအတွက် နှာခေါင်းစည်း(Mask)များကို ယမန်နေ့ နေ့လယ်က ပဲနွယ်ကုန်းမြို့တွင် အခမဲ့ဖြန့်ဝေခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ လှူဒါန်း
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များလှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက စျေးပိုင်းရပ်ကွက်(၂)လမ်းအလှူရှင် ဦးမျိုးဝင်းလှိုင်နေအိမ်တွင် ပြုလုပ်ခဲ့ သည်။