သတင်းများ

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ  ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jun 23,2021
ကရင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်း၍ ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ အတူတကွ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားလာစေရန်နှင့် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊ စာနာမှုများ တိုးပွားလာစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဖလားချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဟိုပန်မြို့ရှိ Quarantine Centre အား ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်
Jun 23,2021
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့မအားကစားကွင်းရှိ မိုးလုံလေလုံအဆောက်အဦတွင် ပြုလုပ်ထားသည့် Quarantine Centre အား “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီမှကြီးကြပ်ကာ ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
ကွတ်ခိုင်မြို့၌ ဝိနယဓမ္မာနုဂ္ဂဟပရိယတ္တိစာပြန်/စာမေးပွဲတော်ကျင်းပ
Jun 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် အမှတ်(၅)ရပ်ကွက်   ကေဝလမာန်အောင် သျှမ်းကျောင်းတွင် (၁၇)ကြိမ်မြောက် ကွတ်ခိုင်မြို့နယ်လုံးဆိုင်ရာ ဝိနယဓမ္မာနုဂ္ဂဟ ပရိယတ္တိစာပြန်/ စာမေးပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယအကြိမ် ပြုလုပ်
Jun 23,2021
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်  ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို     ယနေ့ နံနက်၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် Book Club တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။
သိန္နီမြို့၌ ကိုဗစ် Positive လူနာ(၂) ဦးတွေ့ရှိ
Jun 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့ အမှတ်(၁) ရပ်ကွက်နေ အမျိုးသမီး(၁)ဦးနှင့် အမှတ်(၃)ရပ်ကွက်နေ အမျိုးသမီး(၁)ဦး စုစုပေါင်း (၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
မုံးကိုးမြို့ ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်
Jun 23,2021
မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ မြို့အဝင်၌  ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲဖွင့်ပွဲကျင်းပ
Jun 23,2021
ပဲခူးမြို့၊ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် ယမန်နေ့ ညနေ ၃ နာရီခွဲက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ သည်။