ပန်း​တောင်း​မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

ပန်း​တောင်း ဇွန်၂၃

ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှု သင်တန်းတတ်ရောက်နေ သော သင်တန်းသား၊ သင်တန်းသူများ၊ ဌာနဆိုင်ရာများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းခြင်း၊ မူးယစ်အန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မုံရွာဝင်းဖေရေးသားသော ကမ္ဘာ့ရန် သူ ဘိန်းဖြူကဗျာ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေး ကာတွန်းတို့ ပါဝင်ပြီး သတင်းစကား လက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်း​အေးနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာများ သင်တန်းသူ၊ သင်တန်းသားများထံ သို့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။                                                                                                             

သင်းသင်းအေး