ကန်ကြီးထောင့် ဇူလိုင် ၂
ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ အခြေခံကွန်ပြူတာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်သင်တန်းစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဇူလှိုင်လ ၁ ရက်နေ့ မှစတင်၍ သြဂုတ်လ ၅ ရက်နေ့ အထိ ဖွင့်လှစ်သွားမည်ဖြစ် ပြီး နံက် ၉ နာရီခွဲ မှ ညနေ ၃ နာရီ ၄၀ ထိဖြစ်ကာ သင်တန်းရက်ကို မပျက်မကွက်တက်ရောက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို နည်းပြဆရာက နှစ်ဦးက စာတွေ့၊လက်တွေ့ သင်ကြားပေး မည်ဖြစ်ပြီး သင်တန်းကို အမျိုးသမီး ၈ ဦး၊ အမျိုးသား ၇ ဦးတက်ရောက်ကြရာ ကိုဗစ် - ၁၉ စည်းကမ်းများနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မာ