ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ မဟာဘွဲ့နှင်းသဘင်နှင့် စူဠဘွဲ့နှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ

ကွမ်းခြံကုန်း ဇူလိုင် ၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ဝိနည်းစာပြန်ပွဲ စာအောင်သံဃာ/ သီလရှင်များအား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည့် မြို့နယ်လုံးဆိုင်ရာမဟာဘွဲ့ နှင်းသဘင်နှင့် စူဠဘွဲ့နှင်းသဘင်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့က ကံကြီး/မကျီးရပ်ကွက်၊ ဓမ္မိကာရုံကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံယာတော်များနှင့် ဧည့်ပရိသတ်များက "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ခံယူပြီး မြို့နယ် (လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး) သာသနာရေးမှူး ဦးကျော်သူရက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဓမ္မစရိယစာအောင်သံဃာတော်(၁၉)ပါး၊ သီလရှင်(၂)ပါး၊ ပထမကြီးတန်းစာအောင် သံဃာတော် ( ၂၇ )ပါး၊ ပထမလတ်တန်းစာအောင်သံဃာတော်(၁၆)ပါး၊ ပထမငယ်တန်းစာအောင် သံဃာတော်(၂၈)ပါးနှင့် အခြေပြုမူလတန်း(၃၄)ပါး၊ စုစုပေါင်း (၁၂၆)ပါးတို့အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော်က ရေစက်ချတရား ချီးမြှင့်ကာလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)