ကျောက်ဆည် ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အသက်(၈၀)နှစ် အထက် သီလရှင်ကြီးများအား လှူဖွယ်ပစ္စည်း(၅)မျိုးနှင့် ဝတ္ထုငွေလှူဒါန်းခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ဝေဘူချောင် သာသနာနယ်မြေ ပညာပါရမီ သီလရှင်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ချယ်ရီနိုင်လွင်နှင့် အဖွဲ့ဝင်များက သက်တော်(၈၈)နှစ်ရှိ ဒေါ်ပညာကြီး၊ သက်တော်(၈၂)နှစ်ရှိ ဒေါ်ပညာသီရိ၊ သက်တော်(၈၀)ရှိ ဒေါ်မာလာရီတို့အား ဆန်၊ ကြက်သွန်၊ ကုလားပဲ၊ အိုင်အိုဒင်းဆား၊ နှာခေါင်းစည်းများနှင့် ဝတ္ထုငွေများ လှူဒါန်း ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့သည် သာသာရေးလုပ်ငန်းများတွင် လှူဒါန်းခြင်းများ ဆောင်ရွက်သည့်အပြင် အမျိုးသမီးများနှင့်ပတ်သည့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)