ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများအား  Life Jacket များ စနစ်တကျဝတ်ဆင်ရေး အသိပညာပေးဆောင်ရွက်

မြောက်ဦး  ဇူလိုင်  ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အနေဖြင့် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ များမှ ရေလမ်းခရီးဖြင့်သွားလာကြသော ပြည်သူများကျောင်းသား/သူများနှင့် မြို့မဈေးကြီးသို့ ဘုတ်၊ စက်လှေများဖြင့် ဈေးဝယ်ရန်လာရောက်ကြသော ပြည်သူများအား အသက်ကယ် အင်္ကျီ(Life Jacket)များ စနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက အဆိုပါနေရာများသို့သွားရောက်ပြီး လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသက်ကယ်အင်္ကျီ LifeJacketစနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရေး လက်တွေ့ သရုပ်ပြရာသို့ မြောက်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမြို့နယ်မီးသတ်ဦးစီးမှူးဦးသန်းလှိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ဘုတ်၊ စက်လှေများဖြင့် မြို့မဈေးကြီးသို့ ကုန်ရောင်း၊ ကုန်ဝယ်လာရောက် ဝယ်ယူရောင်းချကြသော ပတ်ဝန်းကျင်ကျေးရွာများမှ ရေလမ်းခရီးအသုံးပြုသွားလာကြသော ပြည်သူများအား မိုးရာသီရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသက်ကယ်အင်္ကျီ (Life Jacket)များစနစ်တကျဝတ်ဆင် အသုံးပြုတတ်စေရန်အတွက်မီးသတ်တပ်ဖွဲ့ဝင်များမှ လက် တွေ့သရုပ်ပြသခြင်း၊ ခရီးသွားပြည်သူများအား (Life Jacket)များ လက်တွေ့ဝတ်ဆင်ခြင်းများ လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။ဆက်လက်၍ ဒုမြို့နယ်မီးသတ်ဦးစီးမှူးက မိုးရာသီ သို့ရောက်ရှိလာပြီဖြစ်၍ ရုတ်တရလေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်နိုင်ခြင်းနှင့် လတ်တ လော မြစ်ရေကြီးခြင်းများဖြစ်ပေါ်လာနိုင်သည့်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ပြေးဆွဲ ပေးနေသော ဘုတ်ပိုင်ရှင်များနှင့် စက်လှေပိုင်ရှင်များအနေဖြင့်(Life Jacket)များမပါရှိပါက ဝယ်ယူဖြည့်ဆည်းဆောင်ရွက်ထားရှိရေးစသော ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် Life Jacket စနစ်တကျဝတ်ဆင်ရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)