ဖာပွန် ဇူလိုင် ၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဇူလိုင်လ(၄)နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း(၅)ဦး ရှိပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများသည် မြို့နယ်ပညာရေးမှူးရုံးမှ (၂)ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (၂)ဦးနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ(၁)ဦး စုစုပေါင်း (၅)ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပိုးတွေ့လူနာများအား ဖာပွန်ခရိုင် ပြည်သူ့ဆေးရုံရှိ (Quarantine Centre) ၌ သီးသန့်ထားရှိပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ထားရှိနေပြီ ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)