သုံးခွမြို့နယ် မြို့မဈေးကြီးအတွင်း နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ကိုယ် အပူချိန်တိုင်းတာ‌ပေးခြင်း ဆောင်ရွက်

 

 

သုံးခွ ဇူလိုင် ၅

 

ရန်ကုန်‌တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေးနှင့် ကူးစက်ရောဂါအား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများနှင့်‌ ဈေး၀ယ်သူများအားနှာခေါင်းစည်း Mask တပ်ဆင်သွား လာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ယနေ့အချိန်တွင် သုံးခွမြို့နယ်အတွင်း ကိုဗစ်-၁၉‌ ရောဂါ ပိုးတွေ့ရှိသူ (၂၂) ဦး‌ တွေ့ရှိသည့်အတွက် မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဈေးရောင်းချသူများနှင့် ဈေး၀ယ်သူပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်စေရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask များ ပေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှု့ဆောင်အရာရှိ ဦးခိုင်ကြည်သာလှနှင့် ၀န်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။ မြို့မဈေးအတွင်း ဈေးရောင်း/ဈေး၀ယ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှုမှ ကာကွယ်နိုင်စေရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ Mask များပေးခြင်း၊ လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။