ရမည်းသင်းခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရမည်းသင်း ဇူလိုင် ၅
 
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရမည်းသင်းခရိုင် ကလေးသူငယ် အခွင့်ရေးများ ဆိုင်ရာ ကော်မတီ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်း တာဝန်များကိုရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင်လူမှုဝန်ထမ်းရုံး ခရိုင်တာဝန်ခံ ဒေါ်တိုးတိုးသန်းမှ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ရှေးဦးအရွယ် ကလေးဘဝမှ သက်ကြီးဘဝအထိ လူမှုကူညီစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့်ကလေးသူငယ်ဖွံ့ဖြိုးရေး၊ ကာကွယ် စောင့်ရှောက်ရေး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများဖွဲ့စည်းပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်လာသည့် ရမည်းသင်းခရိုင် ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ပြုစုစောင့်ရှောက်ခြင်း၊ အသိပညာပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးကဏ္ဍများ၊ မူခင်းကျဆင်း ရေးကိစ္စရပ်များ ဆောင်ရွက် လျက်ရှိကြောင်း ဆွေးနွေးပြောကြားကြရာ ခရိုင်ကလေး သူငယ်အခွင့်အရေး များဆိုင်ရာကော်မတီ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့်ကိုဗစ် -၁၉ ရောဂါ စည်းကမ်းချက်များနှင်အညီ ဂရုပြုကြစေရန် နှင့်ကလေးသူငယ်အခွင့်အရေး များကို ဥပဒေနှင့်အညီဝိုင်းဝန်းဆောင်ရွက်ကြရန်လို
အပ်ကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်