လှိုင်းဘွဲ ဇူလိုင် ၅
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲမဆိတ်ကျေးရွာတွင် ဟိတဓရဖောင်ဒေးရှင်း(ခွဲ) အစီအစဉ်ဖြင့် ကျေးရွာနေလူငယ်များ၊ ကျောင်းသား/သူများအား ယဉ်ကျေးလိမ္မာရှိစေရေးနှင့် ဓမ္မတရားနှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် ယဉ်ကျေးလိမ္မာ/စမ္မစကူးသင်တန်းကို မဲဆမိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဓမ္မစကူးသင်တန်းတွင် မဲဆမိတ်ကျောင်းဆရာတော် ဦးဆောင်၍ သင်ကြားရေး သံဃာတော်/ဆရာ/မများက ကျေးရွာနေလူငယ်များ၊ ကျောင်းသား/သူများအား အားလပ်ချိန်တွင် အသိပညာဗဟုသုတရရှိစေသော အခြေခံဓမ္မတရားများ၊ အခြေခံဗုဒ္ဓဘာသာတရားများ၊ ယဉ်ကျေးလိမ္မာ ဗုဒ္ဓအဆုံးအမ တရားတော်များ၊ ယဉ်ကျေးလိမ္မာ ကျင့်ဝတ်များအား သိရှိနိုင်စေရန်အတွက် အပတ်စဉ် တနင်္ဂနွေနေ့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)