မိုးနဲမြို့ ဥယျာဉ်ရပ်ကွက်နှင့် နောင်ကျော့ရပ်ကွက် ရပ်ကွက်ချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်

မိုးနဲ    ဇူလိုင်   ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက်နှင့် နောင်ကျော့ရပ်ကွက် ရပ်ကွက်နှစ်ခုဆက်သွယ်ထားသော ကံ့ကော်လမ်းအား လမ်းသားချဲ့ထွင်ခြင်း နှင့်လမ်းအဆင့်မြှင့်တင်ခြင်းကို မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လျာထားရန်ပုံငွေမှ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၏ ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုလမ်းအား မူလအရှည် ၅၈၅ ပေ၊ အကျယ် ၁၂ ပေမှ ၁၈ ပေ လမ်းသားချဲ့ထွင်ကတ္တရာခင်းခြင်း ကို မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပြီး လမ်းဘေးဝဲ/ယာ ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်ရေမြောင်းအရှည် ၅၄၅ ပေ ရေမြောင်းနှစ်ခုနှင့် လမ်းဖြတ်တံတား အရှည် ၁၅ ပေ၊ အနက်နှစ်ပေစီရှိတံတားနှစ်စင်းအပါအဝင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ထောက်ပံ့ငွေကျပ် (၄၁၃)သိန်းဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးလွင်မောင်မောင် ၏ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)