မိုင်းပန် ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ က မိုင်းပန်မြို့၊ အလယ်ရပ်ကွက်နေထိုင်သူ ကိုဗစ်-၁၉ ရောဂါလက္ခဏာ သံသယလူနာ (၃) ဦးအား RDT Test Kit ဖြင့် စစ်ဆေးရာ (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့် က ၎င်းတို့၏ နေအိမ်၌ အတူနေမိသားစုဝင် (၇) ဦးအား RDT Test Kit ဖြင့် ထပ်မံစစ်ဆေးခဲ့ပြီး မိသားစုဝင် (၆) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
၂ဝ၂၁ ခုနှစ် ဇွန်လ (၂၃) ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်မှ ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာသူ (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦး အနံ့ရရှိခြင်းမရှိသဖြင့် ယမန်နေ့က ၎င်းနှင့် ၎င်း၏ မိခင်ဖြစ်သူ (၆၃) နှစ်အရွယ် အမျိုးသမီး၊ အမဖြစ်သူ (၄၁) နှစ်အရွယ် အမျိုးသမီးတို့အား RDT Test Kit ဖြင့် စစ်ဆေးရာတွင် မိခင်ဖြစ်သူနှင့် အမဖြစ်သူတို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သဖြင့် ၎င်းတို့၏ နေအိမ်အား အသွားအလာကန့်သတ်ထားကြောင်းသိရသည်။
ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် မိုင်းပန်မြို့၊ အလယ်ရပ်ကွက်ရှိ နေအိမ်တွင် နေထိုင်သူ (၇) ဦးအား RDT Test Kit ဖြင့် သွားရောက်စစ်ဆေးရာ (၆) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါ (၆) ဦးတွင် အသက် (၄ဝ) အရွယ် (ကျား) တစ်ဦး၊ အသက် (၂၄) နှစ်အရွယ် (မ) တစ်ဦး၊ အသက် (၁၂) နှစ်အရွယ် (ကျား) တစ်ဦး၊ အသက် (၁ဝ) နှစ်အရွယ် (မ) တစ်ဦး၊ အသက် (၅) နှစ်အရွယ် (မ)တစ်ဦးနှင့် ၁နှစ်နှင့် ၈ လအရွယ် ကလေးငယ် (ကျား) တစ်ဦးတို့ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မိုင်းပန် (ပြန်/ဆက်)