သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့လူနာ(၁၄)ဦး ထပ်မံတွေ့ရှိ

သီပေါ  ဇူလိုင် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်− ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၄)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ     သိရသည်။

ဇူလိုင်လ ၄ ရက်နေ့က သီပေါမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံနှင့် သီပေါမြို့နယ် နမ့်လန်တိုက်နယ်ဆေးရုံတို့တွင် Positive လူနာများနှင့်ထိတွေ့ခဲ့သူများ၊ ဖျားနာသူများအား COVID-19 Antigen RDT  Test Kit ဖြင့် ရောဂါပိုးရှိ/မရှိစစ်ဆေးခဲ့ရာ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁၁)ဦး၊ စုစုပေါင်း (၁၄)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရကြောင်းနှင့် အဆိုပါပိုးတွေ့လူနာများအား သီပေါမြို့နယ် ပြည်သူ့ဆေးရုံနှင့် နမ့်လန်တိုက်နယ်ဆေးရုံတို့ရှိ သီးသန့်ကုသကြပ်မတ်ဆောင် (Isolation Ward) တွင် ဆေးကုသနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ဇူလိုင်လ ၄ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း (၁၃၄)ဦး ရှိပြီး သေဆုံးသူ(၄)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)