လှိုင်းဘွဲမြို့နယ်တွင် Covid -19 Positive လူနာ (၂)ဦးထပ်မံတွေ့ရှိ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အနံ့မရသဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသပြီး Covid-19 ရောဂါပိုး ရှိ/မရှိ Tesk Kit စစ်ဆေးခဲ့ရာ  ပိုးတွေ့လူနာ(၂)ဦး ထပ်မံတွေ့ရှိကြောင်း  သိရှိရသည်။

အဆိုပါ လူနာ(၂)ဦးမှာ လှိုင်းဘွဲမြို့ (ဂ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ (၅၃)နှစ်နှင့် လှိုင်းဘွဲမြို့ (က) ရပ်ကွက်၊ ရွှေဂွန်းလမ်းနေ (၅၃)နှစ်တို့သည် အနံမရသဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသပြီး ယနေ့ နံနက်(၉)နာရီခွဲအချိန်က ဒေါက်တာစောငြိမ်းထွန်းမှ Tesk Kit ဖြင့် စစ်ဆေးခဲ့ရာ Covid-19 ရောဂါပိုးတွေ့ရှိ၍ လှိုင်းဘွဲမြို့ပြည်သူ့ဆေးရုံသီးသန့်ဆောင်တွင် ထားရှိကြောင်း လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံမှ သိရသည်။

အဆိုပါ Positive လူနာ(၂)ဦးနှင့် ထိတွေ့သူများအား စိစစ်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)