သာစည်မြို့မဈေးကြီး၌ Mask Campaign ပြုလုပ်

သာစည် ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရာဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီက လူစည်ကားရာနေရာဖြစ်သော သာစည်မြို့မဈေးကြီး၌ ပါးစပ်နှင့်နာခေါင်းစည်း(surgical mask)များဖြန့်ဝေပြီး စနစ်တကျ တပ်ဆင်ပြီးမှသွားလာကြရန်အသိပညာပေးခြင်း Mask Campaign ကိုဇူလိုင် ၅ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ဈေးရောင်း ဈေးဝယ်များအား နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်းပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်နှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို အသိပညာပေး တိုက်တွန်း ပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း (surgical mask) အခု ၇၅၀ ကို ဖြန့်ဝေခဲ့ကြောင်းသိရသည်။