သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာသစ် (၈၆)ဦးထိ ရှိလာ

သာစည်      ဇူလိုင်     ၅

မန္တလေးတိုင်းဒေသကြီး ၊ သာစည်မြို့နယ်တွင် ဇူလိုင်၃ ရက်က ကိုယ်အပူချိန်မြင့်တက်နေခြင်းနှင့် အနံ့ပျောက်ဆုံးသည့် သံသယလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် RTD test  kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ (၁၃) ဦး ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ပိုးတွေ့ရှိသူများမှာ အမှတ်(၁)ရပ်ကွက်မှ အမျိုးသား(၂) ဦး၊ အမျိုးသမီး(၂)ဦး၊ မင်းလှကျေးရွာ

အုပ်စု၊ အုတ်ကျင်းကျေးရွာမှ ကျောင်းသူ(၁)ဦး၊ တောင်ပူစာကျေးရွာမှအမျိုးသမီး(၁)ဦး ၊ တမာကုန်းကျေးရွာ  

မှ အမျိုးသား (၁) ဦး၊ အမျိုးသမီး(၃)ဦးနှင့် ဘုရားကုန်းကျေးရွာအုပ်စု ၊ ရွှေလှံ(မ)ကျေးရွာမှ အမျိုးသမီး(၁) ဦးနှင့် ညောင်အိုင်ကျေးရွာမှ အမျိုးသမီး(၂) ဦးတို့တွင် ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၄င်းပိုးတွေ့ရှိသူများအား သာစည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် Hospital Quarantine ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိပြီး ၎င်းတို့နှင့်ထိတွေ့မိသူများအား Facality Quarantine နှင့်Home Quarantine ထားရှိ၍ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ သာစည်မြို့တွင် ယနေ့ပိုးတွေ့ရှိသူ လူနာသစ် (၁၃) ဦး အပါအဝင် ပိုးတွေ့ရှိသူစုစုပေါင်း (၈၆) ဦး ရှိပြီး၊ အသက်(၇၃)နှစ်အရွယ် အမျိုးသမီး(၁)ဦး သေဆုံးကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်