မြစ်သား ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူ ယမန်နေ့ညနေ ၆ နာရီအချိန်က ကိုဗစ်-၁၉ရောဂါပိုး ရှိ/ မရှိ Test Kit ဖြင့်စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ (၁၀)ဦး မှာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၁၀)ဦးမှာ မြစ်သားမြို့နယ် ရွာသာအနောက်ကျေးရွာမှ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦး ၊ မြိုင်ကုန်းကျေးရွာမှ အမျိုးသား(၁)ဦး၊ ရွှေကြာအင်းကျေးရွာမှ အမျိုးသမီး(၃)ဦး၊ ဇိမ်ကြီးကျေးရွာမှ အမျိုးသမီး(၂)ဦး၊ မုန္တောကြီးကျေးရွာမှ အမျိုးသမီး(၁)ဦးနှင့် ကူမဲမြို့ (တောင်ရွာ)မှ အမျိုးသား(၁)ဦးတို့တွင် ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။
မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုသူ အမျိုးသား(၄၇)ဦး၊ အမျိုးသမီး(၃၁)ဦး၊ စုစုပေါင်း(၇၈)ဦး ရှိပြီဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများအား မြစ်သားမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံး ကိုဗစ်-၁၉ ရောဂါကုသရေး ဆောင်တွင် သီးသန့်ထားရှိပြီး ကုသပေးလျက် ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မြမြမွန်(မြစ်သား)