သတင်းများ

မိုင်းစံမြို့တွင် Mask များ အခမဲ့ဖြန့်ဝေ
Aug 28,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈နာရီ က မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မိုင်းစံစျေး၊ ရပ်ကွက်အတွင်းနှင့် လူစည်ကားရာ ပြည်ထောင်စုလမ်းမတစ်လျှောက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၄ ဦး နမ့်စန်မြို့မှ ဖြတ်သန်း ၊ နမ့်စန်ဆင်းခရီးသည် ၃ ဦး Home Quarantine ဆောင်ရွက်ထားရှိ
Aug 28,2020
ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး နေရပ်အသီးသီးသို့ပြန်လာကြသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နံနက် ၅နာရီ ၄၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်းသိရသည်။
တီးတိန်၌ ၂၀၂၀ ပြည့်နှစ် အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနား ပြုလုပ်
Aug 28,2020
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် တီးတိန်မြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်း၌ ပြုလုပ်ကြောင်း သိရသည်။
လပွတ္တာ၌ Mobile Tablet အသုံးပြု၍ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးဌာနမှ mobile tablet အသုံးပြု၍ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း သင်တန်းကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က သင်တန်း ဖွင့်လှစ်ခဲ့သည်။
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ
Aug 28,2020
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ လွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် (၄၅) ဦးတို့ တက်ရောက်ကြသည်။
ဟိုပုံးမြို့နယ်တွင် မိုင်းပျဉ်းတိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ယာတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး
Aug 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် ၂၀၁၈-၂၀၁၉ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်(၆၃၈၃)သိန်းဖြင့် Shan Home Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူအကောင်ထည်ဖော် ဆောင်ရွက်သည့် မိုင်းပျဉ်းတိုက်နယ် ဆေးရုံနှင့် ဝန်ထမ်းအိမ်ယာတည်ဆောက်နေမှုအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဆီဆိုင်မြို့နယ်၌ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက ဆီဆိုင်မြို့အဝင်ဂိတ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၁)ဉီးထပ်မံဝင်ရောက်
Aug 28,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၂၆ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၉)ဉီး နှင့် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က(၂)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၁)ဉီး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။